လိုင်လင်းပီစာစစ်ဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ (၆၅)ဦးရှိ

လိုင်လင်းပီ ဩဂုတ် ၉

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့ စာစစ်ဌာန၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်သူ (၆၅)ဦး ရှိကြောင်း ယနေ့နံနက် ၁၂ နာရီခွဲအချိန်၌ အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်သည့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် လိုင်လင်းပီစာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၅၂)ဦးရှိရာ (၆၅)ဦး အောင်မြင်ပြီး အောင်ချက်အနေဖြင့် ၁၈ ဒသမ ၄၆ ရာခိုင်နှုန်း ရှိကြောင်းနှင့် နှစ်ဘာသာဂုဏ်ထူးရှင် (၂)ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် (၁၃)ဦးရှိကြောင်း သိရသည်။

ယမန်နှစ်ဖြစ်သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် လိုင်လင်းပီစာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ(၂၀၂)ဦး ရှိခဲ့ရှိပြီး (၄၉)ဦး အောင်မြင်ကာ အောင်ချက် ၂၄ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် အောင်ချက် ၁၈ ဒသမ ၄၆၆ ရာခိုင်နှုန်းရှိသောကြောင့် ငါးရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း သိရသည်။

ယာကမ် (ပြန်/ဆက်)