ဆော သြဂုတ် ၉
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် တောင်သူလယ်သမားများ စပါးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ ရရှိစေရေး မိုးစပါး (ဆင်းသုခ) မျိုးစေ့ထုတ် စိုက်ခင်း (၆) တန်း၊ (၁)တန်း လှပ်စိုက်ခြင်း ကွင်းသရုပ်ပြ ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ဆောမြို့ အညာကတင်းကျေးရွာ ကွင်းအမှတ် (၁၆၁)၊ (၁၆၂) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်များကို နိုင်ငံတော်မှ မျိုးစေ့အတွက် ရှစ်ထောင့်ငါးရာကျပ်၊ စိုက်ပျိုးထုတ်လုပ်စရိတ် ခုနှစ်သောင်းငါးထောင်ကျပ်၊ မျိုးကွဲပယ်ရန် အတွက် ငါးသောင်းကျပ်နှင့်မျိုးသန့်စင်စရိတ် တစ်သောင်း ငါးထောင်ကျပ် ပံ့ပိုးကြောင်း၊ ခြောက်တန်း၊တစ်တန်းလှပ်စိုက်ရခြင်းမှာ မျိုးကွဲပယ်ရန်၊ မြေသြဇာကြဲရန်၊ ပိုးသတ်ဆေးဖြန်းရန်နှင့် လေဝင်လေထွက်ကောင်းစေရန် စိုက်ပျိုးကြောင်း ဆောမြို့စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ ဆောမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ပျိုးသည့် လယ်ဧကပေါင်း (၂၁၅) ဧက၊ ကျောက်ထုတွင် (၁၁၀) ဧကရှိကြောင်း သိရသည်။
ခိုင်ဇာ(ယောမြေ)