ပေါက်ခေါင်းမြို့နယ်၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေပေးအပ်ပွဲကျင်းပ

ပေါက်ခေါင်း   ဩဂုတ်  

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် အသက်‌မွေး ဝမ်းကြောင်း လုပ်ငန်းများထိခိုက်မှုကို ကုစားနိုင်ရန် နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ Crash For Work စီမံကိန်း ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်၉ နာရီခွဲအချိန်က ကျေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော် နှင့် ပြည်ခရိုင် ကျေးလက်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး တို့က အကောင်အထည်ဖော်ဆောင်ရွက်မည့် Cash For Work  စီမံကိန်း အကြောင်း များနှင့်ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွ ပေးအပ်ရခြင်း တို့ကို  ရှင်းလင်းပြောကြား ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်မည့် ကျေးရွာ()ရွာမှ သက်ဆိုင်ရာ ကျေးရွာစီမံကိန်း တာဝန်ခံများထံသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ပါဝင်မည့် အိမ်ခြေ(၁၀၀) အထက် ကျေးရွာ များ ကို ငွေကျပ်သိန်း(၃၀၀)၊အိမ်ခြေ (၅၀)မှ(၁၀၀) အတွင်းရှိ ကျေးရွာများကို ငွေကျပ်သိန်း(၂၀၀)စီနှင့် ကျေးရွာ() ရွာတို့အတွက် ထောက်ပံ့ ပေးခဲ့ ကြောင်း သိရသည်။

သန်းထွန်း‌အောင်(ပြန်/ဆက်)