ထီးချိုင့် ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော မြစိမ်းရောင်စီမံကိန်း (ပဥ္စမ) နှစ်စက်ဝန်းအတွက် ထုတ်ချေး ပေးမှုအား ယနေ့မွန်းလွဲ(၁၁)နာရီအချိန်က ပေါက်နက်ကျေးရွာ စာသင်ကျောင်းပေါ် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်အေးမွန်ထက်မှ တောင်သူများ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် ရန်ပုံငွေများ သုံးစွဲမှုနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပေါင်းနက်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ချေးငွေဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်သည့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၁၅၃) ဦးအတွက် ၃၄၈၅၀၀၀၀ သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၂၄) ဦးအတွက် ၄၂၅၀၀၀၀ သိန်း၊ ရောင်းဝယ် လုပ်ငန်း လုပ်ကိုင်သူ (၄) ဦးအတွက် ၉၅၀၀၀၀ သိန်း၊ သက်မွေး၀မ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူ (၁၆) ဦးအတွက် ၂၄၅၀၀၀၀ သိန်းစုစုပေါင်း လုပ်ငန်း (၄) မျိုး၊ အသင်းသား ၁၉၇ ဦးတို့အား ချေးငွေ ၄၂၅၀၀၀၀၀ သိန်းအား ထုတ်ချေးပေးမှုအပေါ် မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဒေါ်အေးမွန်ထက် (လက်ထောက်ညွှန်ကြားရေးမှုး) ဦး ဆောင်သောဝန်ထမ်းများအဖွဲ့မှ လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြောင်း သိရပါသည်။
ထီးချိုင့် (ပြန်/ဆက်)