ကသာခရိုင်၊ အင်းတော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (COVID ECONOMIC RELIEF PLAN CERP ) အစီအစဉ်အရ အလယ်ဆိပ်ကျေးရွာနှင့် နောင်မိုးကျေးရွာများတွင် ဝက်မွေးမြူရေးသင်တန်းဖွင့်လှစ်

အင်းတော် ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊  အင်းတော်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက်လုပ်ငန်းစဉ် ကန့်သတ်ချက်များဖြေလျော့ပြီး နောက်ပိုင်း မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့် အလမ်းများ ပြန်လည် ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းအဖြစ် ဝက်မွေးမြူရေး သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အင်းတော်မြို့နယ် အလယ်ဆိပ် ကျေးရွာအုပ်စု အလယ်ဆိပ်ကျေးရွာ  မူကြိုနေ့ကလေးထိန်း ကျောင်းတွင်လည်းကောင်း၊ လယ်နောင်ကျေးရွာ အုပ်စု နောင်မိုးကျေးရွာ အခြေခံပညာကျောင်းတွင်လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝက်မွေးမြူရေးသင်တန်းတွင် ဝက်မျိုးများ၊ ဝက်မွေးမြူမည့် ခြံနေရာရွေးချယ်ခြင်းနှင့် ဝက်ခြံ ဆောက်လုပ်ခြင်း၊ မျိုးစပ်ခြင်းနှင့် မျိုးပွားခြင်းဆိုင်ရာ အချက်အလက်များ၊ ဝက်များ ကိုယ်ဝန်ဆောင်ခြင်းနှင့် သားဖွားခြင်း၊ ဝက်ကလေးပြုစုစောင့်ရှောက်ခြင်း၊ အစာနှင့်ရေတိုက် ကျွေးခြင်း၊ ဝက်များတွင်ဖြစ်ပွားတတ် သော ရောဂါများနှင့် ကာကွယ်ဆေးထိုးခြင်း သင်ခန်းစာများကို သင်ကြားပို့ချသွားမည်ဖြစ်ပါ ကြောင်း အင်းတော်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းဦးက ပြောပြခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အင်းတော်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းဦးက အမှာစကား ပြောကြားခဲ့သည်။ ယင်းသင်တန်း တစ်ခုစီတွင် အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာနှင့် နောင်မိုးကျေးရွာ အတွင်းမှ သင်တန်း သား သင်တန်းသူ ( ၂၀ ) ဦးစီဖြင့် စုစုပေါင်း သင်တန်းသား သင်တန်းသူ ( ၄၀ ) ဦးအား ဩဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ သုံးရက်တာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်သီဟ (အင်းတော်)