မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုနိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းရှင်းလင်းဆွေးနွေး

မိုးနဲ     ဩဂုတ်   

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုနိုင်‌ရေးကို ဥယျာဉ်ရပ်ကွက်ဘုန်းတော်ကြီးကျောင်း၌ ယ‌နေ့ နံနက် ၉ နာရီအချိန်က ရပ်ကွက်နေပြည်သူများအား ရှင်းလင်းဆွေးနွေပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထားမှုနှင့် စပ်လျဉ်း၍ ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေအထိ ၇ ရက်တိုးမြှင့်ကြေညာ ပေးထားမည်ဖြစ်ကြောင်း၊ ပြည်သူများသွား‌ ရောက်ကြည့်ရှုနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများသို့ အသံချဲ့စက်ဖြင့်လှည့်လည် ကြေညာအသိပေးနေကြောင်းနှင့် မဲစာရင်းတွင် မိမိအမည်ပါ/မပါ ကို သွားရောက် ကြည့်ရှုနိုင်ရေး တိုက်တွန်း ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်‌ကိုကိုဝင်းက မိမိအမည် မဲစာရင်းတွင် မပါဝင်ခြင်း၊ အချက်အလက်များ မှားယွင်းခြင်း ၊ ပြင်ဆင်ခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါရှိနေပါက ကန့်ကွက်ခြင်း၊ ပယ်ဖျက်ခြင်းများအတွက် ဆောင်ရွက်ရမည့် ပုံစံများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့်အချက်များအား မေးမြန်းကြရာ  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)