လွိုင်ကော် မေ ၁၆
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုး ပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယနေ့နံနက် ၁၀ နာရီတွင် ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ထူးချောင်းသဘာဝ ရေပြင်အတွင်းသို့ ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ (၂၀၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဌာန ဆိုင်ရာများနှင့် ကျေးရွာပြည်သူများ တက်ရောက်၍ ငါးမျိုးများစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လွိုင်ကော်ခရိုင်