ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းပွဲပြုလုပ်

ကျောက်ဆည် မေ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်း နေထိုင်လျက်ရှိသူများအနက် မွေးရာပါ နိုင်ငံသားအရည်အချင်းရှိသော တိုင်းရင်းသားများနှင့် တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သော ဥပဒေအရ နိုင်ငံသားများအား  ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ တို့ဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့်နိုင်ငံသားစီ စစ်ရေးကဒ်ပြား၊ နို်ငငံသားပြုစိစစ်ရေး ကဒ်ပြား၊ အမျိုးသားမှတ်ပုံတင်ကဒ်ပြားစသည့်ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်ရှင်းလင်းပွဲကိုမေ(၁၀)ရက် နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ တက်ရောက် ခဲ့ကြောင်းသိရှိရသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က စီမံချက်အကောင်အထည် ဖော်ဆောင်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူများမှ အောက်ခြေရှိလူဦးရေစာရင်းများ သေချာပြုစု၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများအဆင်ပြေချောမွေ့သွားမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူး ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးဦးအောင်ကျော်စိုးကပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ရာတက်ရောက် လာကြသည့် ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့သိလိုသော မရှင်းလင်းသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်အဖြစ် အသက်(၁၆)နှစ်နှင့်အထက် ပြည့်ပြီးသူများအား အိမ်ထောင်စုလူဦးရေရင်းရှိပြီး နိုင်ငံသား စိစစ်ရေးကဒ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ နိုင်ငံသားစီစစ်ရေးကဒ်ပြားမရှိ၊ နိုင်ငံသားပြုကဒ်ပြားမရှိ၊ အမျိုးသား မှတ်ပုံတင်မရှိသူ (၁၃၅၇၁)ဦးအား ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိရေး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ စတင်ကာ(၁၈)လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)