မအူပင် မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မြန်မာ့စီးပွားရေး ဘဏ်တွင်ပင်စင်စား အငြိမ်းစား ဝန်ထမ်းများအား ပုံမှန်လစာများထုတ်ပေးခြင်းကို မတ်လ ၂၂ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ပင်စင်လစာလာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား အလှည့်ကြ ထုတ်ယူ နိုင်ရေး၊ စနစ်တကျစောင့်ဆိုင်းနားနေနိုင်ရေး၊ ပင်စင်လစာအား အခက်အခဲ မရှိထုတ်ယူနိုင်ရေး အတွက် မအူပင်ခရိုင်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက(COVID-19) ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် အညီ ဆောင်ရွက်၍ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ခိုင်(မအူပင်)