ရွာသစ် ဖေဖော်ဝါရီ ၂၃
ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ရွာသစ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတင်ကိုလတ်က သင်တန်းဖွင့်လှစ် ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူများ သင်ယူရာ၌ အထောက်အကူဖြစ်စေရေးအတွက် ဌာနက အထောက် အကူပြုပစ္စည်းများကို ထောက်ပံ့ပေးပြီး သင်တန်းသူများက အင်္ကျီချုပ်ပုံချုပ်နည်းများကို သင်ယူတတ်မြောက်ခဲ့ ကြကြောင်း သင်တန်းသူ (၄၀)ဦး သင်ယူလေ့လာခဲ့ပြီး ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်နိုင်ခြင်းဖြင့် သင်တန်း သူများ၏ တစ်ဦးချင်း ဝင်ငွေများရရှိပြီး မိသားစုဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)