ကျိုက်ထို ဩဂုတ် ၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Grade-4 စတုတ္ထတန်းသင်ရိုးသစ် သင်ကြားမှုဆိုင်ရာ သင်တန်းကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့က စတင်ကာ မြောက်ပိုင်းရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါ သင်တန်းကို သင်ကြားမှုအရည်အသွေး ပြည့်ဝသော ဆရာ/မများမှ အရည်အသွေး ပြည့်ဝသည့် ကျောင်းသား/သူများ ပြုစုပျိုးထောင်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ မူလတန်းအဆင့် ဆရာ/မ ပညာရေး၀န်ထမ်း စုစုပေါင်း (၁၀၃) ဦးတို့ တက်ရောက်ကြကာ နည်းပြ (၁၂) ဦး၊ ကြီးကြပ်သူ (၆) ဦးတို့က ဘာသာရပ် (၁၀)ခုကို တစ်ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းပို့ချရာတွင် သင်တန်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေး အတွက် အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ သင်တန်းခန်းအတွင်း တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ၌ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။
ဝင်းမောင်(ကျိုက်ထို)