သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများအား အရှိန်အဟုန်မြှင့် ကွင်းဆင်းပြုလုပ်

သံဖြူဇရပ် သြဂုတ်   ၇

၂၀၂၀  ပြည့်နှစ်    ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ   ကျင်းပနိုင်ရန်     ပြည့်စုံသော အခြေခံ မဲဆန္ဒရှင်စာရင်း ရရှိစေရန်နှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မြန်ဆန်စွာရရှိစေရေးအတွက် သံဖြူဇရပ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ   ဝန်ထမ်းများက   ရပ်ကွက်၊ ကျေးရွာများ သို့ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ   နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးမှုကွင်းဆင်းဆောင်ရွက်ရာတွင်   ယမန်နေ့ နံနက် ၁၁ နာရီအချိန်က   အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူ (၃၉) ဦးအား    မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ထွန်းနိုင်နှင့်  ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆက် လက်ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း ကွင်းဆင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အေးအေးသီ