သပိတ်ကျင်း ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး-သပိတ်ကျင်းကားလမ်း၊ မြို့အဝင်ကတ္တရာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လယ်က တာဝန်ရှိသူများမှ လာရောက်ကွင်းဆင်းထပ်မံ စစ်ဆေး ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်၊ မန္တလေး-သပိတ်ကျင်းကားလမ်း မြို့အဝင်ကတ္တရာခင်းခြင်း၊ လမ်းအကျယ်တိုးချဲ့ခြင်းလုပ်ငန်းများကို Aerial engineering Co;Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ပြင်ဦးလွင်ခရိုင်၊ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဖြူဖြူသိန်း၊ သပိတ်ကျင်းမြို့ လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းဝင်းနှင့်တာဝန်ရှိသူများမှ တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းခွင်အတွင်းသွားရောက်ပြီး လုပ်ငန်းပြီးစီးမှုအခြေအနေအား ကြည့်ရှု့ခဲ့ကာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လမ်းအရှည် (၁၅) ဖာလုံ၊ အကျယ် (၆) ပေ ကတ္တရာလမ်း ထပ်မံတိုးချဲ့ခြင်း၊ (၄) လက်မထု ထပ်ပိုးခင်းခြင်းလုပ်ငန်းများကို ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးသတ်မှတ် ရက်အတွင်း ပြီးစီးရန် ထပ်မံကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း၊ ပြန်/ဆက်)