အိမ်မဲပြည်သူ့ဆေးရုံအတွင်းရှိ (၂)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

အိမ်မဲ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ ပြည်သူ့ဆေးရုံအတွင်း (၂)ခန်းတွဲ(၁)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု နှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ  (၂)ခန်းတွဲ(၁)ထပ်ဝန်ထမ်းအိမ်ရာကို ၂၀၂၀ ပြည့်နှစ် မတ်လ ၃ ရက်နေ့က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

မြို့နယ်ပြည်သူ့ဆေးရုံကြီးရှေ့တွင်ရှိသော ရေချိုးကန်နေရာ၌ ဆေးရုံသန့်ရှင်းသာယာလှပစေရေးနှင့် အပန်းဖြေနိုင်ရေးအတွက် သုံးဆင့်ရေပန်းပြုလုပ်ရန် အလှူရှင်များက လာရောက်လှူဒါန်းပေးထားခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)