ကလိန်အောင် ဩဂုတ် ၆
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ အကြောင်းကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက် ဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးစာစောင်များကို ပြသခဲ့သည်။
အသိပညာပေးစာစောင်များတွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များ၊ (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်း စရာများ၊ နေရပ်ဒေသပြောင်းရွှေ့နေထိုင်သူများနှင့် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ရောက်ရှိနေသူများ မဲပေးနိုင်ရန် ဆောင်ရွက်ရမည့်အချက်များ၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရန် နှိုးဆော်ချက်များနှင့် မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများအား ထည့်သွင်းပြသထားကြောင်း သိရသည်။
ဒေါ်မိုးမိုးခိုင် (ကလိန်အောင်၊ ပြန်/ဆက်)