ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၉)လုံးနှင့် ဓမ္မာရုံ (၁) ခုကြိုတင်ဖျက်သိမ်းပြောင်းရွှေ့

ဇလွန်  သြဂုတ်  ၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု စိန်ကလေးကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတို့တွင် ယနေ့နံနက် ၅ နာရီအချိန်မှ ၁၁ နာရီအချိန်အတွင်း ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၉)လုံးနှင့် ဓမ္မာရုံ (၁) ခုကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု(၁၉)စုရှိ အမျိုးသား (၄၉)ဦး၊ အမျိုးသမီး(၃၆)ဦးတို့အား ကြိုတင်ပြောင်းရွှေ့ခဲ့ပြီး ဘေးသင့်အိမ်ထောင်စုဝင်များသည် ၎င်းတို့၏ လုပ်စားမြေများနှင့် နီးစပ်ရာဆွေမျိုး နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)