အမာ သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွါးရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP) အရဖွင့်လှစ်သော ကြက်မွေးမြူရေးသင်တန်းကို ယမန်နေ့နံနက်(၉) နာရီက ဒေါ်ညိမ်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ခံဦးသန်းဌေးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူများ စနစ်တကျ မွေးမြူတတ် စေရန်၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ကာ လူနေမှုဘဝ မြင့်မားစေရန်နှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကို ကြိုတင် ကာကွယ်နိုင်ရေး နည်းလမ်းများကို သိရှိစေရန်ရည်ရွယ်၍ ပညာပေးသင်တန်းကိုဖွင့်လှစ် သင်ကြားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဒေါ်ညိမ်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူ (၂၀)ဦး တက်ရောက်ပြီး သင်တန်းကို (၃)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
နော်လေး(အမာ)