ရေဦး ဩဂုတ် ၆
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှု၀န်ထမ်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်လူမှု၀န်ထမ်းရုံးက ကြီးမှုးဖွင့်လှစ်သော လူမှုရေးရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရေဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ကျင်းပရာ ရေဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင် လူမှု၀န်ထမ်းရုံး လက်ထောက် ညွှန်ကြားရေးမှုး ဒေါ် နွယ်နွယ်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။
ဖွင့်ပွဲသို့ ရေဦးမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့၊ ရင်ခွင်မဲ့ကလေးလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မိုးစပယ်ဦးနှင့် အဖွဲ့၀င်များ၊ ကြက်ခြေနီအသင်း တာ၀န်ရှိသူများနှင့် လူမှုရေးလုပ်ငန်း စိတ်ပါ၀င်စားသူ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သန်းသန်း( ပြန်/ဆက် )