‎‎မဟာအောင်မြေမြို့နယ်၌ (၉၁) ကြိမ်​မြောက် သံဃာ​တော်အပါး (၃၅၀)အား ဘုံဆွမ်း​နှင့် စာ​ရေးတံမဲဖောက်လှူဒါန်း

မန္တ​လေး ​​ဇူလိုင် ၂၉

မန္တလေးတိုင်း​ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရပ်ကွက်နေ မိဘပြည်သူများ စုပေါင်း၍ (၉၁)ကြိမ်မြောက် သံဃာ​တော်အပါး(၃၅၀) အား ဘုံဆွမ်း‌လောင်းလှူပွဲနှင့် စာ​ရေးတံမဲ ဖောက်လှူဒါန်းပွဲကို ​​​ဇူလိုင် ၂၉ ရက် (ဒုတိယဝါဆိုလပြည့် ဓမ္မစကြာနေ့) နံနက် ၄ နာရီခွဲက ကျင်းပသည်။

သံဃာတော် အပါး ၃၅၀ အား ဆွမ်း၊ ဆပ်ပြာမှုန့်နှင့် သံဃာ တစ်ပါးလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် လစဉ်အလှူရှင် မဟာအောင်မြေမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးယဉ်မောင်ဟိန်း+ဒေါ်မြသိင်္ဂီအောင်၊ မြို့နယ်ကော်မတီဝင် ဒေါ်အေးအေးမြင့်၊ မြို့နယ်ကော်မတီဝင် ဦးနေမင်းဦးတို့က ဆက်ကပ်လှူဒါန်းသည်။

ထို့​နောက် ဘုံဆွမ်းလောင်းအသင်းတည်ထောင်သူ ဦးနေမင်းဦး+ဒေါ်ယုယုဇော်(ပီတိသုခ မိသားစု)နှင့် ရပ်ကွက်နေမိဘပြည်သူများ စုပေါင်း၍ သင်္ကန်း (၂၁)စုံ၊ နဝကမ္မအလှူငွေကျပ် ၂၁၀၀၀၀၊ သင်္ကန်းစာရေးတံ (၂၁)၊ သံဃာ‌တော်လွယ်အိတ် ၁၀လုံး မဲဖောက်၍ ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

ထို့ပြင် သိပ္ပံလမ်း×၆၈ လမ်း၌ လစဉ်လပြည့်နေ့များတွင် ၃၅ × ၆၉ လမ်းတို့၌ သံဃာ​တော် အပါး (၃၅၀) အား လောင်းလှူလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း