သီပေါမြို့နယ်၌ “အောင်သီရိ” ရောင်းဝယ်ရေးသမဝါယမအသင်း၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

သီပေါ ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမ၌ “အောင်သီရိ” ရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ “အောင်သီရိ” ရောင်းဝယ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌ ဦးမောင်ဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေမှု အခြေအနေများနှင့် အသင်းဥပဒေကိုပြင်ဆင်သည့် ဥပဒေအရ အသင်းစည်းကမ်းအားပြင်ဆင်ဖြည့်စွက်ခြင်း စသည် တို့ကိုပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တင်ပြသည့် အမှုဆောင်ကော်မတီ၏ အစီရင်ခံစာတင်သွင်းခြင်းနှင့် အတည်ပြုချက်များရယူခြင်းများ ဆောင်ရွက်ခဲ့ကာ တာဝန်ရှိသူများက အသင်းသားများအား စုဆောင်းငွေပေါ် အတိုးများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)