မိုင်းပျဉ်းမြို့တွင် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ကုသိုလ်ယူကြသူများဖြင့်စည်ကား

မိုင်းပျဉ်း ဇူလိုင် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၆ ခုနှစ် ယမန်နေ့ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဘုန်းကြီးကျောင်းများတွင် ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဖြစ်သည့်အတွက် မိုင်းပျဉ်းမြို့ရှိ မိဘပြည်သူများမှ ဘုရားကျောင်းစေတီများ၌ အာရုံဆွမ်းတော်/ပန်းဆီမီးများ ကပ်လှူခြင်း၊ မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုကန်တော့ခြင်း၊ ဆရာတော်၊ သံဃာတော်များအား ပူဇော်ကန်တော့ခြင်း၊ ဆွမ်းဆက်ကပ်ခြင်း၊ သီလတော်များ ခံယူဆောက်တည်ကြခြင်းနှင့် ကျောင်း၌ဥပုသ်ယူ၍ တရားဘာဝနာပွားများခြင်းတို့ဖြင့် မြို့ပေါ်ဘုန်းကြီးကျောင်းများ၌ အထူးစည်ကားလျက်ရှိကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)