ကျောက်ဆည် ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဇူလိုင် ၂၉ ရက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများမှ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီရောင်းချမှုများနှင့် မီးဘေးအန္တရာယ်လုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာ၌ ဆီသိုလှောင်မှု၊ ဆီလက်ကျန်၊ လက်ရှိရောင်းချသည့် ဈေးနှုန်း၊ စုံရက်၌စုံဂဏန်း၊ မရက်၌မဂဏန်းယာဉ်များအား စိစစ်ရောင်းချမှုများနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များတွင်ထားရှိသော အပေါ့စားရေစုပ်စက်၊ ရေပိုက်လိပ်၊ ရေပိုက်ခေါင်းများနှင့် တပ်ဆင်ထားသော မီးသတ်ပစ္စည်းကိရိယာများအား ကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)