ကြံခင်းမြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေး

ကြံခင်း      ဇူလိုင်  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကြံတောကျေးရွာအုပ်စု၊ ကွေးမ အုပ်စု၊ ချောင်းခွကျေးရွာတို့ရှိ ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့များဖြင့်တွေ့ဆုံကာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးခြင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရောင်ခြည်ဦးစာကြည့်တိုက်၊ ကြံတောစာကြည့်တိုက်ကော်မတီများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေး၊ စာငှား၊ စာဖတ်သူများတိုးပွားလာရေး၊ စာကြည့်တိုက် အတွင်းရှိ စာအုပ်စာစောင်များ ထိန်းသိမ်းထားသိုခြင်း၊ ငှားရမ်းခြင်းတို့အား ရှင်းလင်း ပြောကြားပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များက အသီးသီးဆွေးနွေးခဲ့ကြ ကာ မြို့နယ်ဦးစီးမှူးက တင်ပြချက်များအပေါ် ဆက်လက်ထပ်ဆင့် တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက စာကြည့်တိုက်များရှိ စာအုပ်စာ စောင်များ၊ ပရိ‌ဘောဂများများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)