ရွှေတောင်မြို့နယ်တွင် ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာ ကျွေးမွေးသူများဖြင့် စည်ကား

ရွှေတောင် ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ယနေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။

ဒေသခံပြည်သူများက  မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းများ၌ ဆရာတော်၊ သံဃာတော်ကြီးများထံ အလှူရှင်ဒါယိကာ၊ ဒါယိကာမများက ဝါဆိုသင်္ကန်းကပ်လှူခြင်း ဥပုသ်သီလတရားနာယူသူများ၊ အဘိဓမ္မာဒေသနာတော် ရွတ်ဖတ်ပူဇော်သူများနှင့် စတုဒီတာကျွေးမွေးလှူဒါန်းကြသူများဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိပြီး ဘုရားစေတီပုထိုးများတွင် ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်၍ ဘာသာရေးဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်းများဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)