ကျိုက်လတ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေဌားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ရုံးဒေါင့်ကျေးရွာအုပ်စု၊ ရုံးဒေါင့်ကျေးရွာ၊ ကျေးရွာမြေဌားဂရန် ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၂၈ ရက်၊ မွန်းလွဲ (၄) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက မြေယာစီမံခန့်ခွဲမှုစနစ်တကျရှိစေရေးနှင့်မြေဌားဂရန်၏ အသုံးဝင်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရုံးဒေါင့်ကျေးရွာနေ ပြည်သူများထံ မြေဂရန်များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကျေးရွာနေပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရုံးဒေါင့်ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျေးရွာမြေငှားဂရမ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)