သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး စားသုံးဆီရောင်းချ

သံဖြူဇရပ် ဇူလိုင် ၂၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီများကို ယမန်နေ့တွင် အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှေ့တွင် ရောင်းချပေးသည်။

ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းစျေး (၈၀၄၆) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြသည်။

အဆိုပါစာသုံးဆီရောင်းချခြင်းကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၏ စီမံမှုဖြင့် လွင်မောင်မောင်ကုမ္ပဏီမှ စားသုံးဆီတစ်ပိဿာလျှင် (၈၀၄၆) ကျပ်နှုန်းဖြင့် ဆီပိဿာပေါင်း (၁၉၈၉) ပိဿာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပူးပေါင်း၍ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)