ကသာ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆)ဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ (၄)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကသာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခေတ္တခရိုင်ရဲ တပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က အမှာစကားပြောကြားရာ၌ ရွေးချယ်ခန့်အပ်ပြီး သောရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးဆိုင်ရာပညာ ရပ်များကို လေ့ကျင့်ဆည်းပူးသင်ယူခဲ့ကြပြီးဖြစ်ကြောင်း၊ အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်စေရေးတို့အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းမှတဆင့်လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးဝင်မည့်အသိပညာ၊ အတတ်ပညာများနှင့် လုပ်ထုံးလုပ်နည်းများကိုသင်ယူလေ့လာနိုင်ခဲ့ပြီးဖြစ် ကြောင်းနှင့်ရပ်ရွာ ဒေသတွင် ပြည်သူ့အကျိုးကိုသယ်ပိုးနိုင်စေရန် မှာကြားလိုပါကြောင်း အစရှိသည်များကိုပြောကြားခဲ့သည်။
ထို့နောက် ကသာမြို့နယ် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆)ကို (၁-၇-၂၀၂၆) ရက်နေ့မှ (၂၈-၇-၂၀၂၆) ရက်နေ့အထိသင်တန်းသား(၁၂)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီးကသာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ ကသာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များက သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းဆင်းပွဲသို့ ကသာခရိုင်စီ မံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကသာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်စွာ(ကသာ)