သာယာဝတီမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဆင်းပွဲ ကျင်းပ

သာယာဝတီ ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြိုနယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီက သာယာဝတီမြို့ ဆရာစံခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာ‌စေရန် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ (၉၆) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ (၁၃၀) ဦးခန့် တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)