သထုံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုး

သထုံ ဇူလိုင် ၂၉

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျောင်းဝင်းအတွင်း ငှက်ပျောပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေး၊ အ.ထ.က (၁) သထုံ ကျောင်းအုပ်ဆရာကြီး ဦးကျော်ညီညီလတ်တို့ ဦးဆောင်သည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များက ဖီးကြမ်း၊ သီးမွှေးနှင့် တစ်ရှူးငှက်ပျောပျိုးပင်ပေါင်း ၁၅၀ အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ ငှက်ပျောစု‌ပေါင်းစိုက်ပျိုးခြင်းကို သထုံမြို့နယ်အတွင်း စိုက်ပျိုးမြေရှိသည့် အခြေခံပညာကျောင်းများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)