ဆိပ်ဖြူ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စက်မှုလုပ်ငန်းများ၊ ဒေသခံပြည်သူများအား စားအုန်းဆီသတ်မှတ် ရည်ညွှန်းဈေးနှင့် ရောင်းချဖြန့်ဖြူးခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ ရဲမှူးမောင်မောင်တင်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် သက်ဆိုင်ရာဌာနများက တာဝန်ရှိသူများလိုက်ပါ၍ စားသုံးဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် စက်မှုလုပ်ငန်းနှင့်ဒေသခံပြည်သူများအတွက် စားအုန်းဆီများကို သတ်မှတ်စည်းကမ်းများနှင့်သတ်မှတ် ပမာဏအတိုင်းရောင်းချခြင်း ရှိ/မရှိ၊ ဒေသခံပြည်သူများအတွက် စားသုံးဆီဖြန့်ဝေရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)