ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၂၀၂၅ -၂၀၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ မေဂျာပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဟင်္သာတ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ အားကစားပြိုင်ကွင်းတွင် ဇူလိုင် ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်း၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ မေဂျာပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်း နေရာယူ ခဲ့ကြပြီးနောက် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) အားကစားကော်မတီဥက္ကဋ္ဌ ပါမောက္ခဌာနမှူး ဒေါက်တာ သဲသဲစိုးအား အလေးပြုခြင်းနှင့် ဥက္ကဋ္ဌက ကွင်းဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြပြီးနောက် စစ်ကြောင်းမှူးဦးဆောင်၍ အားကစားကော်မတီဥက္ကဋ္ဌအား ချီတက်အလေးပြုခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။ ဒုတိယပိုင်းအစီအစဉ်တွင် အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြမည့် အမျိုးသားအသင်း Phoenix-FC နှင့် CYBER-FC အသင်းတို့မှ အားကစားသမားများနှင့် ဒိုင်လူကြီးများက ကွင်းအတွင်း နေရာယူပြီး ကျောင်းသူလေးများမှ ပန်းစည်းများပေးအပ်ခဲ့ကြသည်။

အဆိုပါ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မိုးရာသီအားကစားပြိုင်ပွဲ မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း (၅) သင်းနှင့် အမျိုးသမီးဖူဆယ် ဘောလုံးအသင်း (၅) သင်းတို့က ဇူလိုင် ၂၇ ရက်နေ့မှဩဂုတ် (၃) ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)