အိမ်မဲ​​မြို့၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အိမ်မဲ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် စားအုန်းဆီခွဲတမ်းများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စားအုန်းဆီဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်နှင့် မြို့နယ်စားအုန်းဆီကိုယ်စားလှယ်များ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့်ဆိုင်များ၌ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်ပြည့်မီမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်းသိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)