လပွတ္တာမြို့နယ်၌ အငြိမ်းစား ပင်စင်စားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

လပွတ္တာ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယမန်နေ့နံနက် ၇ နာရီ ၃၀ အချိန်က အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးခြင်းကို လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် လပွတ္တာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်လုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနတို့ ညှိနှိုင်းပေါင်းစပ်၍ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ်၊ ဆီ (၅၀) ကျပ်သားလျှင် (၄၂၀၀) ကျပ်၊ ကြက်ဥ (၁၀) လုံးလျှင် (၅၀၀၀) ကျပ်နှင့် ဝက်သား (၂၅) ကျပ်သားလျှင် (၅၀၀၀) ကျပ်နှုန်းတို့ဖြင့် ပင်စင်စားဝန်ထမ်း (၄၀၀) ဦးတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့‌ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)