ညောင်တုန်းမြို့နယ်အတွင်း စားအုန်းဆီအရောင်းဆိုင်များအား သက်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချစေရေး ကွင်းဆင်းစစ်ဆေး

ညောင်တုန်း ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြိူ့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအားသက်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

စစ်ဆေးရာတွင် မြို့နယ်ထွေ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ မြို့နယ်ဆီအသင်းနှင့် လက်ကားကိုယ်စားလှယ်တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင် (၁၅) ဆိုင်အား သက်မှတ် ရည်ညွှန်းစျေးဖြင့်ရောင်းချစေရေး၊ ပြင်ပစားအုန်းဆီများအား ဝယ်ယူရောင်းချခြင်းမပြု‌စေရေးအတွက် စစ်ဆေး‌ခဲ့ပြီး ပြည်သူ့ဆီများအား သတ်မှတ်ရည်ညွှန်းစျေးထက် ပိုမိုရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)