ဘိုကလေးမြို့နယ်၌ မိုးစပါးရာသီ၊ Rice Export Zone(REZ) အစီအစဉ်တွင်ပါဝင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်

ဘိုကလေး ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မေမေ့သားဆန်စက်တွင် ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် (၂) နာရီ၌ Rice Export Zone ဆောင်ရွက်သည့် Jewellery Luck Trading Co; Ltd မှ Export Zone (၅၁၂.၀၀) ဧကတွင် ပါဝင်ဆောင်ရွက်သည့် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ Exporter ကုမ္ပဏီတာဝန်ခံနှင့်ဝန်ထမ်းများ၊ Export Zone ဆောင်ရွက်သော မိုးစပါး စိုက်တောင်သူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်တို့က အမှာစကားပြောကြားခြင်း၊ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ညီညီထွဋ်မှ Export Zone ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းတာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ပြီး တာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်