ဝါးခယ်မ ဇူလှိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဇူလိုင်လ ၂၁ ရက်နေ့နံနက် ၀၉း၃၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရာသီပေါ် ဆန်းစပါးစိုက်တောင်သူများအား ရွှေခယ်ဝတီကုမ္ပဏီမှ Rice Export Zone ဖြင့် စာချုပ်ချုပ်ဆိုပွဲနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ရွှေခယ်ဝတီကုမ္ပဏီတို့မှ Rice Export Zone ဆောင်ရွက်ရခြင်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းတင်ပြကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် Export Zone အကောင်အထည်ဖော်ဆောင်ရွက်မည့်တောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူများနှင့် ကုမ္ပဏီတို့စာချုပ်ချုပ်ဆို၍ သွင်းအားစုများကို တောင်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရီရီလွင်(ပြန်/ဆက်)