ဖျာပုံမြို့နယ်တွင် စားသုံးဆီအရောင်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဖျာပုံ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း လိုက်လံစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်/မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်ဆီကုန်သည်အသင်းမှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖျာပုံမြို့နယ်အတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များအား စားအုန်းဆီစျေးနှုန်းကြီးမြှင့်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်းရှိ၊ မရှိ ရှောင်တခင်လိုက်လံကွင်းဆင်း စစ်ဆေးကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်