ဓနုဖြူမြို့နယ်၌ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်

ဓနုဖြူ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင်လ ၂၁ ရက်နေ့နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်၊ ကမ်းနား လမ်း၊ river view အနီး ဧရာဝတီမြစ်အတွင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း (ရေပြင်ရှာဖွေကယ်ဆယ်ခြင်း) သရုပ်ပြဆောင်ရွက်မှုအား ဓနုဖြူမြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦး​ကျော်မိုးလွင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးနောင်နောင် ဦးဆောင်၍ မီးသတ်သန္ဓေနှင့် အရန်တပ်ဖွဲ့၀င်အင်အား (၃၅) ဦးတို့မှ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များ တက်​ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)