ငဖဲ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသော လူငယ်ရဲ့ဘဝနှင့် တန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင် ဒေါ်ငယ်ငယ်ထွေးက လစဉ်ပုံမှန်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်နှင်းနွယ်အောင်က စာရေးဆရာအောင်သင်း ရေးသားသော လူငယ်ရဲ့ဘဝနှင့်တန်ဖိုး စာအုပ်တွင်ပါဝင်သည့် အချိန်ကို ဘယ်လိုအသုံးချသလဲ၊ လုပ်အားနဲ့ တည်ဆောက်ထားတဲ့တန်ဖိုး၊ စာရိတ္တတန်ဖိုးနှင့် Book Club အဖွဲ့ဝင်ဦးညီညီက ကံဆိုးခြင်းနှင့် ကံကောင်းခြင်း၊ အိပ်မက်ခွန်အားဖြင့် ကမ္ဘာကျော်သူစသည့် စာအုပ်ပါအကြောင်းအရာကို အဖွဲ့ဝင်များနှင့် စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရေးအတွက် Book Club အဖွဲ့ဝင် များနှင့် ပူးပေါင်း၍ လစဉ်ပုံမှန်စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)