ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူ့အကျိုးပြု၊ မျက်စိခွဲစိတ် ကုသမှုအစီအစဉ်ဖြင့် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေး

ဟင်္သာတ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ပြည်သူ့အကျိုးပြု၊ မျက်စိခွဲစိတ် ကုသမှုအစီအစဉ်ဖြင့် ၂၀၂၆ ဇူလိုင် ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်စန္ဒာသိန်း ဦးဆောင်၍ မျက်စိလူနာ ၂၀၀ ဦးတို့အား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဆေးရုံသစ်လမ်းရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက်၍ မျက်စိခွဲစိတ်ကုသမှုခံယူနေသည့် မျက်စိလူနာများအား ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဆေးရုံ အထောက်အကူပြုကော်မတီ အဖွဲ့ဝင်များတို့က မျက်စိလူနာများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး အဟာရဖြည့်အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)