မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်အတွင်း ကွင်းဆင်းကြည့်ရှု၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၊ မော်လမြိုင်စက်မှုဇုန်အား လှည့်လည်ကြည့်ရှု

မော်လမြိုင် ဇူလိုင် ၂၁

မော်လမြိုင်မြို့၊ မုပွန်တိုးချဲ့အိမ်ရာကွက်  အဆင့်မြင့်ငါးစျေးသစ်သို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက သားငါးဈေးတန်းများတွင် ဈေးရောင်း/ဝယ်သူများ ရေချို/ငန် ငါး ပုဇွန် ပင်လယ်စာများလွတ်လပ် အေးချမ်းစွာရောင်းဝယ်ဖောက်ကား ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ် ဝန်ကြီးချုပ်က အဆင့်မြင့် ငါးစျေးသစ်တွင်အမှိုက်နှင့် အနံ့အသက်ဆိုးများ ကင်းဝေးစေရန်၊ရေဆိုးများစနစ်တကျစွန့်ပစ်ရန်၊ ငါးရောင်းချရာမှာ မရှိမဖြစ်လိုအပ်သည့်  ရေခဲစက်နှင့်ငါးများ သိုလှောင်ထားရှိရန် အအေးခန်းစက်ရုံ တည်ဆောက်လာပါက အဆင့်မြင့်ငါးဈေးသစ်ကြီးလုပ်ငန်းလည်ပတ်မှုမှာမြန်ဆန် လွယ်ကူလာမှာဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း မှာကြားပြီး ဈေးသူ၊ ဈေးသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ‌မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၁) ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ကြက်ဥများအား  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေး‌နေခြင်းအပေါ်  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကကြည့်ရှုအားပေး၍ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)သို့သွားရောက်၍ ကျောင်းအုပ်ကြီး ဦးညိုချောမှ ကျောင်း၏ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်ထောက်ကူပစ္စည်းများ စုံလင်စွာ တပ်ဆင်ထားရှိမှုများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်ရေးကဏ္ဍမှာ သင်ကြားနေသည့် ကျောင်းသားလူငယ်များဟာ နိုင်ငံအတွက် အရေးပါ‌သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး သင်ကြားပေးသော ပညာရပ်များကို အကျိုးရှိရှိအသုံးချနိုင်ရေးကြိုးစား အားထုတ်ကြစေလိုကြောင်း ပြောကြားပြီး ကျောင်းသားကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ စာသင်ကြားနေမှု အခြေအနေ၊ ဝန်ထမ်းအိမ်ယာတည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်စက်မှုဇုန်သို့ သွားရောက်ပြီး Green Box သစ်အခြေပြု အသေးစားလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း (value added) ရော်ဘာသစ်မှ (end product) မီးဖိုချောင်သုံးပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်း၊ King ရော်ဘာကြိတ်စက်လုပ်ငန်း၊ ထူးစက်မှုလက်မှုလုပ်ငန်းတွင် Centerless Grinding MachineCNC Lathe MachineHobbing Machine စက်ကြီးများဖြင့် စက်ပစ္စည်းများထုတ်လုပ်နေမှု၊ လယ်ယာသုံးစက်ကရိယာ ကောက်စိုက်စက်၊ Drum seeder ထုတ်လုပ်မှု၊ လုပ်ငန်းများကိုလှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေးနှင့် ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ အရည်အသွေးမီ ထုတ်ကုန်များ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းကြရန် လိုအပ်ကြောင်း မှာကြား၍ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)