ညောင်တုန်း ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မိုးဝင်းမှ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူသိကောင်းစရာများအား ယုံကြည်မှုတည်ဆောက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် ပြည်သူလူထုအပြည့်အဝ ပူးပေါင်းပါဝင်လာစေရေး သိကောင်းစရာများကို ရှင်းလင်းပြောကြား၍ အခမ်းအနား တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)