မော်လမြိုင် ဇူလိုင် ၂၀
မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများဖွဲ့ စည်းထားပြီးဖြစ်ပါကြောင်း၊ သဘာဝဘေး ဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်းကျေရွာများအထိ အသံချဲ့စက်များဖြင့် နှိုးဆော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လူ့အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောက်ရွက်ကြရန်နှင့် ရရှိသည့် မိုးလေဝသသတင်းအပေါ်မူတည်၍ အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် အရေးကြီးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို သီးခြားစုဖွဲ့ထားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက သက်ဆိုင်ရာကော်မတီများအလိုက် စီမံဆောင်ရွက်ထားမှု အခြေအနေများကို လည်းကောင်း၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး၍ပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)