လဲချား ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အရန်သားဖွားဆရာမများ(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ ခန်းမဆောင်တွင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်အောင်နှင့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူ အရန်သားဖွားဆရာမများ တတ်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သင်တန်းဆင်းအရန်သားဖွားဆရာမများကို သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် kit ပုံစံများအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းအား ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၂၀) ရက်နေ့ထိ (၆)လကြာ သင်တန်းသူ (၁၁)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)