ဖျာပုံမြို့၌ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်ရဲ့တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူဗဟိုပြု ရဲလုပ်ငန်း စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆွေးနွေးပွဲကို ဇူလိုင်လ (၂၀) ရက်နေ့နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲတွင် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဦးက ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ Projector ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးပွဲ ကျင်းပရာ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များမှ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်း (၃၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်