မုံရွာမြို့၌ လူကုန်ကူးမှု အသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဇူလိုင် ၂၁

အမှတ်(၁၄)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ဦးဆောင်ပြီး အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ “လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲနှင့် ကလေးသူငယ်အသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့နယ် အလုံတပ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလုံခန်းမတွင် ကျင်းပပြုလုပ်ရာ အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ရဲအုပ်မြတ်သူနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၇၀၉) ဦး တက်ရောက်ခဲ့သည်။

ဦးစွာ အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ရဲအုပ်မြတ်သူက လူကုန်ကူး/လူမှောင်ခိုမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာကိစ္စရပ်များ၊ အလုပ်အကိုင်ကြေညာအတုများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော လူကုန်ကူးမှုအန္တရာယ် အကြောင်းများ၊ Online လိမ်လည်မှုဆိုင်ရာများကိုလည်းကောင်း၊ ဒုရဲအုပ်နုနုလှိုင်က ကလေးသူငယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအား အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက် ပြီး ဒုရဲအုပ် နုနုလှိုင်နှင့် ရဲတပ်သား ခိုင်ကြူလွင်တို့က တက်ရောက်လာသူများအား လူကုန်ကူး/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)