တောင်တွင်းကြီး ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မိုးစပါးအထွက်တိုး စံပြကွက်စိုက်ပျိုးနေမှုနှင့် ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ ဗိဿနိုးပြတိုက်အား ကြည့်ရှုခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ဝါးခြမ်းကာကျေးရွာရှိ တောင်သူဦးသန့်ဇင်ဦး၊ ကွင်းအမှတ် ၁၉၉၉-က၊ ဦးပိုင်အမှတ်(၃)၊ စိုက်ဧက(၁) ဧက၊ စပါးမျိုး ဆင်းသုခ စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးယဥ်ထွန်းက တောင်တွင်းကြီးမြို့နယ်အတွင်း စုစုပေါင်းမြေဧက ၄၈၆၄၀၃ ဧကရှိရာ အသားတင် စိုက်ပျိုးမြေဧရိယာ ၂၀၅၉၁၈ ဧကရှိပြီး လယ်မြေ ၉၁၃၄၂ ဧက၊ ယာမြေ ၉၇၂၃၇ ဧကနှင့် အခြားမြေ ၁၇၃၃၉ ဧကရှိကြောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ်တွင် နှံစားသီးနှံ ၁၁၉၆၇၄ ဧက၊ ပဲမျိုးစုံ ၅၈၆၆၆ဧက၊ ဆီထွက်သီးနှံ ၁၄၆၆၃၆ ဧက၊ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧရိယာ ၁၀၅၂၂ ဧက၊ ကြံ ၈၅၃၀ ဧက၊ စားဖိုဆောင် သီးနှံ ၄၆၁၇ ဧက၊ အခြားသီးနှံစိုက်ဧက ၆၅၇၈၉ ဧက ရှိပြီး စုစုပေါင်း ၄၁၄၄၃၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် နှံစားသီးနှံ ၁၁၉၆၇၂ ဧက၊ ပဲမျိုးစုံ ၅၇၆၀၈ ဧက၊ ဆီထွက်သီးနှံ ၁၄၆၅၃၉ ဧက၊ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧရိယာ ၁၀၅၂၂ ဧက၊ ကြံ ၈၀၉၂ ဧက၊ စားဖိုဆောင် သီးနှံ ၄၆၁၇ ဧက၊ အခြားသီးနှံစိုက်ဧက ၆၅၇၈၉ ဧကရှိပြီး စုစုပေါင်း ၄၁၃၈၃၉ ဧက လျာထားလျက်ရှိကြောင်း၊ နှံစားသီးနှံ ၂၃၄၆၁ ဧက၊ ပဲမျိုးစုံ ၁၅၀၉၄ ဧက၊ ဆီထွက်သီးနှံ ၁၃၁၉၄၀ ဧက၊ စားဖိုဆောင် သီးနှံ ၁၆၈၄ ဧက၊ အခြားသီးနှံစိုက် ၂၁၈၆၇ ဧကရှိပြီး စုစုပေါင်း ၁၉၄၀၄၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့် သီးနှံများကိုလည်း လျာထားဧကပြည့်မှီရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့ရောက်ရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းအတွင်းတွင် ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်အဖြစ် ပြသပစ္စည်းပေါင်း ၄၉၇ ခုပြသထားသည့် ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ပြကွက်များ၊ ကျောက်ဖြစ်ရုပ်ကြွင်းပြကွက်များ၊ ဓလေ့ရိုးရာ နေအိမ်ပုံစံငယ်များ၊ ဗိဿနိုးမြို့ဟောင်းမှ တူးဖော်ရရှိသည့် စာပေဆိုင်ရာအထောက်အထားများ၊ ပျူစာပေအရေးအသားများ၊ ပျူခေတ်အုတ်များ၊ ပျူဒင်္ဂါးများ၊ ပျူပုတီးစေ့များနှင့် ရှေးဦးခေတ် ပျူလူမျိုးများ၏ ပန်းထိမ်လုပ်ငန်း၊ ပန်းရန်လုပ်ငန်း၊ ဗိသုကာ၊ လက်သမား၊ ကျောက်ဆစ်လုပ်ငန်း၊ ပုတီးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ အုတ်လုပ်ငန်းများစသည့် မြန်မာလူမျိုးများ၏ ပန်း ၁၀ မျိုးအတတ်ပညာကို လေ့လာကြည့်ရှု့ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)