စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-ခုနှစ်၊ မိုးရာသီ တတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အန

မုံရွာ  ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ မိုးရာသီ တတိယအကြိမ် စုပေါင်းသစ်ပင်စိုက် ပျိုးပွဲတော် အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊နှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက သစ်ပင်စိုက်ပျိုးပွဲတော်များ ဆောင် ရွက်ခြင်းအားဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပပြီး ဂေဟစနစ်ကောင်းမွန် မျှ တစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတစ်ဝှန်းလုံးတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင်ထိန်းကြစို့”ဆိုသည့် မူဝါဒနှင့်အညီ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ်ကောင်းမွန်စေရန်နှင့် မိမိတို့တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရန်အတွက် သစ်ပင်များစိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ

အား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တာဝန်ရှိသူအားလုံးမှ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။  

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ သစ်ပင်စိုက်ပွဲ အခမ်းအနားသို့ တက် ရောက်လာသူများမှ သတ်မှတ်နေရာများတွင် ရတနာတန်းဝင်အပင်နှင့် အရိပ်ရလေကာ ပင် သစ်မျိုး(၉)မျိုး၊ စုစုပေါင်းအပင်(၁၁၁၉)ပင်အား စုပေါင်းစိုက်ပျိုးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ များ၏ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယခုနှစ် ၂၀၂၆-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ နှင့်ပူးပေါင်း၍ ရတနာတန်းဝင်ပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း - ၂၁၀၁၀၀ (နှစ်သိန်း တစ်သောင်းတစ်ရာ)ပင်အား စုပေါင်းစိုက်ပျိုးပေးသွားမည် ဖြစ်သည်။      

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေ သကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ယနေ့ကျင်းပပြုလုပ်သည့် မြို့နယ် ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် အားကစားသမားအနေဖြင့် မိမိအသင်းအောင်မြင်ရန်အတွက် ပြိုင်ပွဲ/ စည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ ဇွဲစိတ်ဓါတ်ကိုအခြေခံပြီး အားကစားစိတ် ဓါတ်ပြည့်ဝစွာဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်နှင့် ဒိုင်လူကြီးများ၏ တရားမျှတသည့် ဆုံးဖြတ်ချက်များအား အားကစားသမားပိသစွာ တိတိကျကျ လေးစားလိုက်နာသွားကြရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ယောက်ဖြစ်အောင် မြင့်မားသည့် ရည်မှန်းချက်ထားပြီး အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန်လိုအပ်ပါကြောင်း ပြောကြားပြီး ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အာက် အမျိုး သား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။  

ယင်းနောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆို ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုး သား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ရေဦးမြို့နယ် အမျိုးသား အသင်း နှင့် ကလေးမြို့နယ် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ ရေဦးမြို့နယ်အသင်းမှ ကလေးမြို့နယ်အသင်းအား (၂)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိသွားသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၄ ရက် နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့များများမှ အမျိုးသား (၃၀)သင်း၊ အမျိုးသမီးအသင်း (၂၃)သင်း ပြိုင်ပွဲဝင်အားကစားသမား (၃၀၀)ဦးဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။                             

တိုင်းဒေသကြီး၊ ပြန်/ဆက်