မြန်အောင် ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်အကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးဝေလင်းက ပြည်သူကိုဗဟိုပြုသောရဲလုပ်ငန်းစနစ် အကောင် အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြန်အောင်ခရိုင်အတွင်း ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ရင်းရင်းနှီးနှီးစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။
ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်း လင်းခြင်းအခမ်းအနားသို့ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့်အဖွဲ့ဝင်များ၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ဝေလင်းနှင့်ခရိုင်/ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်း၊ ဦးအောင်မျိုးဦး၊ မြန်အောင်ခရိုင်တရားသူကြီးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မိတ်ဖက်အဖွဲ့ အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)