ကလေးဝ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့သည်။
အဆိုပါစားအုန်းဆီများရောင်းချပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
စားအုန်းဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးလျှင် ၂ ပိဿာနှုန်း တစ်ပိဿာ လျှင် ၁၁၅၀၀ ကျပ်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)